ဖောင်းပြင် မတ်၂၂
ဖောင်းပြင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ(၁၂)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် အားလပ်သည့်အချိန်များတွင် ပြင်ပဗဟုသုတရရှိမည့် စာအုပ်များကို ဖတ်ရှုဖို့လိုကြောင်း၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်ကြောင်းနှင့် လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးမှု မဖြစ်ပွားစေရန် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် စိတ်ကြွရူးသွပ်ဆေးများ၏ အန္တရာယ်ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းကို အကျယ်တ၀င့် ရှင်းလင်းဟောပြောသည်။
ထို့နောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာ၀န်ခံဦးကျော်သန်းစိန်က စားသုံးသူရေးရာ သိကောင်းစရာများအကြောင်းကိုလည်းကောင်း ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ရုံးမှပြသထားသည့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြခန်းများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)