ဖောင်းပြင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ဖောင်းပြင် မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ မတ်လ ၁၇ ရက်နေ့ မွန်းလွဲ(၁၂)နာရီအချိန်က နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပန်းချီပညာရပ်ကို အခြေခံမှစပြီး ကျွမ်းကျင်တတ်မြောက်သည်အထိ ကြိုးစားသင်ယူကြရန် ပြောကြားကာ သင်တန်းနည်းပြဆရာ ဦးဆန်းထူးက အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် သင်ကြားပေးမည့် ပန်းချီရေးဆွဲနည်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။

အဆိုပါနွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ(၁၇)ရက်မှ မတ်လ(၂၆)ရက်နေ့အထိ မွန်းလွဲ(၁၂)ရီမှ နေ့လည်(၂)နာရီအချိန်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ ပန်းချီသင်တန်းတွင် ကျောင်းသား‌၊ ကျောင်းသူ(၆၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)