မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ဆန်၊ ဆီ၊ ဘဲဥနှင့် ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့်‌ ရောင်းချ‌ပေး

မော်လမြိုင်ကျွန်း မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်တွင်  ဆီနှင့်ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ကအမှတ် (၇)ရပ်ကွက် (၁၃) လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဆောင်ရွက်ပေးခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တိုင်းရင်းဆေးဦးစီးဌာနဝန်ထမ်းများက  နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင်များစစ်‌ပေးခြင်း၊  အထွေထွေရောဂါလူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီး ဌာနဦးစီးမှူး ဦးမင်းဇော်လတ်နှင့် တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့်ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရောင်းချပေးခဲ့သည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင် (၂) ဦးတင်လှိုင်၊ အဖွဲ့ဝင် (၃) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူးရဲမှူးမိုးစိန်၊ မိခင်နှင့်ကလေးစောင့်  ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်တို့က ကြည့်ရှုအားပေးခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် ပံ့ပိုးပစ္စည်းများ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)