ကျောင်းကုန်း မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းဘေးရှိ "REGENCY"စက်သုံးဆီဆိုင်၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှု၊ မီးသတ်ဆေးရည်များ ဖြည့်တင်းထားရှိမှုတို့ကို စစ်ဆေးပြီး၊ လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)