ကျုံပျော်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာဖြေဆိုနေ့တွင် (၁၀၈၉)ဦး ဝင်ရောက်ဖြေဆို

ကျုံပျော် မတ် ၂၂

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန (၁၁) ခုဖြင့် ဖွင့်လှစ်စစ်ဆေးလျှက်ရှိရာ ဇီဝဗေဒနှင့်ဘောဂဗေဒဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၁၀၈၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုရန် ကျုံပျော်မြို့နယ်တွင်  အတွင်းဖြေနှင့်အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၄၇)ဦး စာရင်းပေးသွင်းထားပြီး၊ ဇီဝဗေဒဘာသာရပ်တွင် ကျောင်းသား(၉၁)ဦး၊ ကျောင်းသူ (၁၉၅)ဦး၊ စုစုပေါင်း (၂၈၆)ဦးဖြေဆိုပြီး ဖြေဆိုရာနှုန်း (၉၇.၆၁)% ဖြစ်ကြောင်း၊ ဘောဂဗေဒဘာသာရပ်တွင် ကျောင်းသား(၃၅၁)ဦး၊ ကျောင်းသူ (၄၅၂)ဦး၊ စုစုပေါင်း (၈၀၃)ဦးဖြေဆိုပြီး ဖြေဆိုရာနှုန်း (၉၄.၀၃)% ဖြစ်ကြောင်း၊ ဘာသာရပ်နှစ်ခုအတွက် စုစုပေါင်း ဖြေဆိုသူ(၁၀၈၉)ဦး၊ ဖြေဆိုရာနှုန်း (၉၄.၉၄)% ဖြစ်ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် အ.ထ.က(၁) ကျုံပျော်၊ အ.ထ.က(၂)ကျုံပျော်၊ အ.ထ.က(သောင်ကြီး)၊ အ.ထ.က (အထောင်)၊ အ.ထ.က(လှည်းဆိပ်)၊ အ.ထ.က(မိုးကြိုးပစ်)၊ အ.ထ.က(ရေတွင်းရိုး)၊ အ.ထ.က (အင်းရဲ)၊ အ.ထ.က(ဒိုက်ပျက်)၊အ.ထ.က(ရေစခန်း)နှင့် အ.ထ.က (တောက်တဲ့ရိုး)စသည့် စာစစ်ဌာန (၁၁)ခုဖြင့် ဖွင့်လှစ်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး ဖြေဆိုသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)