စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းရေးနေ့စဥ် ဆောင်ရွက်

စလင်း မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူ ကလေးငယ်များ ယာဥ်အန္တရာယ်ကင်းဝေးစေပြီး စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး ယနေ့နံနက်ပိုင်းက စလင်းမြို့ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဥ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် စာစစ်ဌာနကျောင်းအနီးလမ်းဆုံ၊ ယာဥ်သွားလမ်းမပေါ်၌ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းရေး ကျောင်းဆင်းကျောင်းပြန် ကျောင်းကြိုကျောင်းပို့ စျေးသွားစျေးလာများနှင့် မော်တော်ယာဥ်များ မော်တော်ဆိုင်ကယ်များ လမ်းသွားလမ်းလာ မော်တော်ယာဥ်များ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက စာမေးပွဲဖြေဆိုနေစဥ်ကာလအတွင်း ယာဥ်ကြော်ပိတ်ဆို့မှု မဖြစ်ပွားစေရေး ယာဥ်လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့်  ကျောင်းသား၊ ကျောင်းသူများ ယာဥ်တိုက်မှုအန္တရာယ် မဖြစ်ပွားစေရေးအတွက်  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဥ် ကာလမတ်လ(၁၇)ရက်နေ့မှ၊ မတ်လ (၂၂) ရက်နေ့အထိ နေ့စဥ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(မောင်လွင်)စလင်း