ကသာမြို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ဖြေဆိုလျက်ရှိ

ကသာ မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကသာမြို့နယ်တွင် စာစစ်ဌာနဖြစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုလျက်ရှိရာ စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြင်ပစည်းလုံခြုံရေးတာဝန်ကျသည့် အဖွဲ့ဝင်များ၊ ယာည်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကူညီပံ့ပိုးပေးလျက်ရှိပြီး ကျောင်းသား/ ကျောင်းသူများ စာမေးပွဲကိုဖြေဆိုနိုင်ရေးအတွက် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ လုံခြုံရေးကိစ္စရပ်များအား အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကသာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းရှိကျောင်းသား/ ကျောင်းသူ(၄၈၈)ဦး၊ ဖြေဆိုကျောင်းသား/ကျောင်းသူ (၄၉၀)ဦး ဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား/ကျောင်းသူ(၂)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၁၀၀ ဒသမ ၄၁)ရှိပြီး ပထဝီဝင်ဘာသာရပ် ဖြေဆိုရန်စာရင်းရှိကျောင်းသား/ ကျောင်းသူ(၁၄၅)ဦး၊ ဖြေဆိုကျောင်းသား/ ကျောင်းသူ (၁၃၉)ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား/ ကျောင်းသူ(၆)ဦးရှိကြောင်းနှင့် ဖြေဆိုရာခိုင်နှုန်း (၉၅ ဒသမ ၈၆)ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။

ကျော်စွာ(ပြန်/ဆက်)