ဒေးဒရဲ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အ.ထ.က(၁)၊ အ.ထ.က(ကျုံဒါး)၊ အ.ထ.က(တော်ကမယ်)နှင့် အ.ထ.က(နောက်ပြန်ဒိုး) စုစုပေါင်း စာစစ်ဌာန(၄)ခုကို စာစစ်ဌာနများအဖြစ် အသုံးပြုလျက်ရှိကြောင်းသိရပြီး တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဇီဝဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၁၀)ဦး၊ ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၈၈၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မြို့နယ်အတွင်းဖြေဆိုမှု (၉၄) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)