အိမ်မဲမြို့ (Community Centre) ခန်းမတွင် မိသားစုတစ်နိုင်တစ်ပိုင် ဝင်ငွေတိုးပွားစေရေး Bow ကလစ်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

အိမ်မဲ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန (Community Centre) ခန်းမတွင် နှစ်စဉ်နွေရာသီသို့ရောက်ရှိတိုင်း အကျိုးရှိစေမည့်သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျ သက်သာစေရန်တို့အတွက်ရည်ရွယ်၍ Bow ကလစ်ပြုလုပ်နည်းသင်တန်းကို မြိုနယ်ပြန်/ဆက်ဦးစီးဌာနနှင့် Women Club အဖွဲ့တို့မှ ပူးပေါင်း၍ ဖွင့်လှစ်ပေးခဲ့သည်။

Bow ကလစ်ပြုလုပ်နည်းသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စောသန္တာဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း Women Club ဥက္ကဋ္ဌ ဒေါ်မူယာစိုးက သင်တန်းဖွင့်အမှာစကားများကိုလည်း​ကောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး Bow ကလစ်ပြုလုပ်ပုံအဆင့်ဆင့်ကို သင်တန်းနည်းပြ ဒေါ်နှင်းမိုးလွင်က သင်ကြားပေးခဲ့ရာ သင်တန်းသားများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များကို မေးမြန်းသင်ယူပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းကို မတ်လ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၅)ဦးရှိကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)