ငါးသိုင်းချောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့အဖြစ် ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာရပ်ဖြေဆို

ငါးသိုင်းချောင်း မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (ငါးသိုင်းချောင်း) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် အ.ထ.က (ငါးသိုင်းချောင်း)ကျောင်း၌ စာစစ်ဌာနတစ်ခုတည်းရှိပြီး ယနေ့တွင် ဘောဂဗေဒဘာသာရပ်တွင် ကျောင်းတွင်းဝင်ရောက်ဖြေဆိုသူ(၁၉၇) ဦး၊ အလွတ်ဖြေဆိုသူ (၁၂)ဦး၊ စုစုပေါင်း (၂၁၆)ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ပျက်ကွက်သူ (၁၄)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၃.၆၄)ဖြစ်ပြီး ဇီဝဗေဒဘာသာရပ်တွင် ကျောင်းတွင်းဝင်ရောက်ဖြေဆိုသူ(၄၀)ဦး၊ အလွတ်ဖြေဆိုသူ (၁)ဦး၊ စုစုပေါင်း (၄၁)ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ပျက်ကွက်သူ (၁)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၇. ၆၂)ဖြစ်ကြောင်း သိရသည်။

ယနေ့တက္ကသိုလ်ဝင်တန်း(G-12)ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းကာ နေ့စဉ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)