ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ဆဋ္ဌမနေ့)ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိ

ကြံခင်း မတ် ၂၂

ဧရာဝတီတိုင်း​​ဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခု၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် (ဆဋ္ဌမနေ့) ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ အ.ထ.က(၁)၊ အ.ထ.က(ဆိပ်သာ)၊ အ.ထ.က(ဘက်ရဲ)၊ အ.ထ.က(ရေနံတောင်)၊ အ.ထ.က(မျောက်ချောကုန်း)စာစစ်ဌာနတို့တွင် (ဆဋ္ဌမနေ့) ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့အား စာရင်းရှိ ကျား (၅၆) ဦး၊ မ (၇၇) ဦး၊ စုစုပေါင်း(၁၃၃) ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျား(၅၆)ဦး၊ မ (၇၁) ဦး၊ စုစုပေါင်း (၁၂၇) ဦး၊ ပျက်ကွက် မ(၆)ဦး စုစုပေါင်း (၆)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၄၉) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပညာရေးမှူး ဦးမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးတို့က စာစစ်ဌာနများသို့သွားရောက်ကာ ကြည့်ရှုအားပေးပြီး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကြံခင်း)နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့်ယာဉ်အန္တရာယ်ကင်းရှင်းစေရေးပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)