ပန်းတောင်း မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ စားအုန်းဆီကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုခံယူသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်စေရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးနှင့် ဝန်ထမ်းများက Mobile စနစ်ဖြင့် လှည့်လည်ရောင်းချပေးခြင်းဖြစ်ပြီး ဈေးနှုန်းမှာ ဆီတစ်ပိဿာလျှင်ဗူးအပါ ငွေကျပ် (၈၅၀၀) ကျပ်ဖြင့် ဆီပိဿာချိန် (၁၁၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)