ပိုင်ကျုံမြို့ အမှတ် (၂) ရပ်ကွက်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ မတ် ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အမှတ် (၂) ရပ်ကွက်တွင် ပျက်စီးသည့်လမ်းမကြီးအား ကတ္တရာထပ်ပိုးလွှာပြန်လည်ခင်းခြင်း လုပ်ငန်းကိုရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် ပိုင်ကျုံမြို့ အမှတ် (၂) ရပ်ကွက်အတွင်းရှိ မြို့မဘုန်းတော်ကြီးကျောင်းနှင့် ဘုရားရှိခိုးကျောင်းထိ အရှည် (၀/၅) မိုင်အား ၂၀၂-၂၀၂ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွ(၂၂၅.၂၆၀) သန်းဖြင့် ရွှေဒိုသမိကုမ္မဏီမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် သက်ဆိုရာတာဝန်ရှိသူများတို့မှ အနီးကပ် ကြီးကြပ်တာ၀န်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ယခုအခါ လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ဒေသနေပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း၊ မြို့ပြနှင့်ကျေးလက်ဒေသများ တပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နော်ခူး (ပြန်/ဆက်)