ရွှေတောင်မြို့နယ် (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်းဆင်းပွဲကျင်းပ

ရွှေတောင် မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော အခမ်းအနားမှူး သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးမှ သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းရာတွင် (၃) ရက်တာအတွင်း သင်ကြားပို့ချမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ သင်တန်းတွင်ဆုရရှိသူ သင်တန်းသူများကို အသီးသီးဆုများ ချီးမြှင့်ခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

 ကိုကိုမင်း (ပြန်/ဆက်)