ကျောက်တံခါးမြို့နယ်တွင် အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကျောက်တံခါး မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို မတ် ၁၉ ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ပြုလုပ်သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင်က အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်အကြောင်း အသိပညာပေးဟောပြောပြီး တက်ရောက်လာသူများအား အချိုရည်ဘူးနှင့် မုန့်များ ပေးဝေခဲ့သည်။

အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ခံများ၊ အခြေခံအေရိုးဗစ်သင်တန်းမှ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)