ရေတာရှည်မြို့နယ်အတွင်းရှိ ရှမ်းကျောင်းစာသင်တိုက်၌ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်

ရေတာရှည် မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌အနာဂတ်ရင်သွေး ငယ်များအားလိမ္မာယဉ်ကျေးမှုရှိစေရန်ရည်..ရွယ်၍ ဆရာတော်ဦးဣန္နကမှဦးစီးကာ ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းကြီးကျေးရွာအုပ်စု၊ အမတ်ကြီးခုံ. ကျေးရွာ၊ ရှမ်းကျောင်းစာသင်တိုက်၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းကျောင်းစာသင်တိုက်ဆရာတော်ဦးဣန္နကမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ယဉ်ကျေးလိမ္မာသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ဝတ္ထုငွေကျပ် (၁) သိန်းနှင့် တန်ဖိုးငွေကျပ် (၂) သိန်းရှိ အချိုရည်နှင့်မုန့်များ၊ စုစုပေါင်းအလှူငွေကျပ် (၃) သိန်းခန့်ကို သင်တန်းသား/သူများအား လှူဒါန်းခဲ့သည်။

အဆိုပါသင်တန်းကိုသင်တန်းဆရာ၊ ဆရာမ (၅) ဦး၊ ကျောင်းသား/သူ (၁၀၅) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၂၀-၃-၂၀၂၅) ရက်နေ့မှ (၃၁-၅-၂၀ ၂၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)