သနပ်ပင် မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီကစတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပင်စင်ထုတ်ရာတွင် မတ်လ (၂၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ ပိတ်ရက်များမှလွဲ၍ နေ့စဉ် နံနက် (၇:၀၀) နာရီမှ (၁၄:၀၀) နာရီအထိထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့တွင် သနပ်ပင်မြို့နယ်အတွင်းရှိ ပင်စင်စားအငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများအား ထုတ်ပေးလျက်ရှိပြီး၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများ အနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)