ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေး

ကျောက်ကြီး မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားဦးရေ (၁၁၀၀) ကျော်ခန့်ရှိရာ၊ ယနေ့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၃၀၀) ကျော်ခန့်အား ဘဏ်လုပ်ငန်းချိန်အတွင်း၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကျန်လူများအား နောက်ရက်ဘဏ်လုပ်ငန်းချိန်တွင် ထုတ်ယူနိုင်ရေးစီမံဆောင်ရွက်ထားကြောင်း၊ ပင်စင်လစာများ ထုတ်ပေးနေစဥ်အတွင်း အငြိမ်းစားဝန်ထမ်းများအား သက်တောင့်သက်သာနားနေနိုင်ရန်နှင့် ပင်စင်လစာငွေများ ထုတ်ယူနိုင်ရေးကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)