ကံမမြို့နယ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေးပြီး ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါတို့အား အခမဲ့စစ်ဆေးကုသပေး

ကံမ မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ မတ်လအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၆)နာရီမှစတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ  ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိပြီး  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား ဆီးချို၊ သွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါတို့အား အခမဲ့စစ်ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပင်စင်လစာများထုတ်ပေးရာတွင်အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း     မိသားစုဝင်တစ်ဦးဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း ကံမမြို့နယ်တွင် မြို့ပြပင်စင် (၆၂၄)ဦး၊  ကာကွယ်ရေးပင်စင် (၁၅၈) ဦး၊  နိုင်ငံရေးပင်စင်(၇၄)ဦးနှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင် (၈) ဦး၊  စုစုပေါင်း ပင်စင်စားအငြိမ်းစားဝန်ထမ်း (၈၆၄)ဦးရှိကြောင်း  ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ပြန်/ဆက်)