ပေါက်ခေါင်း မတ် ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကားနှင့် ပါဠိပထမပြန်စာမေးပွဲကို အ.ထ.က (ပေါက်ခေါင်း) စာစစ်ဌာနတွင် ပထမကြီးတန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်း ဝင်ရောက်ဖြေဆိုကြမည့် သံဃာတော်များ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေး၊ စာဖြေသံဃာတော်များ စာဖြေရက်အတွင်း ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားနိုင်ရေးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၃) ဦးကျော်သန်းစိန်က ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် ယခင်နှစ်က ဘဏ္ဍာရေးရှင်းတမ်းများကို ရှင်းလင်းဖတ်ကြားခဲ့ပြီး အစည်းအဝေးရုတ်သိမ်းခဲ့ကြောင်း သိရသည်။
၁၃၈၆ (၂၀၂၅) ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ ငယ်၊ မူ) ကို ဘာသာရပ်များအလိုက် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိဖြေဆိုရမည်ဖြစ်ပြီး၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)