နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

နတ်မောက် မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် () နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် မတ်လ (၂၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ် နံနက် ()နာရီမှ ညနေ () နာရီအထိ ထုတ်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား ဧပြီလဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။ 

လှဝင်း