မင်းဘူး မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ် (၃) ရပ်ကွက်၊ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲကို မြို့မဈေးကြီး၌ ယမန်နေ့ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာမီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက မီးဘေးအန္တရာယ်နှင့်စပ်လျဥ်းပြီး မီးလောင်မှုအခြေခံသဘောတရားနှင့် မီးငြှိမ်းသတ်သည့် နည်းစနစ်များကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်က ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ဈေးသူ၊ ဈေးသားများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများကို စနစ်တကျအသုံးပြုကြရန် ပြောကြားပြီး၊ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် သရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ ခရိုင်ီမးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဈေးသူ/ ဈေးသားများ စုစုပေါင်းအင်အား (၁၀၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါသရုပ်ပြပွဲတွင် မီးသတ်တပ်ဖွဲ့ဝင်များမှ ဈေးသူ/ ဈေးသားများအား မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဇေယျာနိုင်(ပြန်/ဆက်)