သဲကုန်း မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်ထုတ်ယူရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် အဆင်ပြေချောမွေ့စေရေးအတွက် လစဥ် (၂၁) ရက်နေ့မှစတင်၍ ရုံးဖွင့်ချိန်များတွင် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ပြီး၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာထုတ်ယူရာတွင် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အခက်အခဲမရှိစေရေးကို သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ထားရှိရာ မြို့ပြပင်စင် (၁၁၃၃) ဦး၊ ကာကွယ်ရေးပင်စင် (၃၁၆) ဦး၊ နိုင်ငံရေးပင်စင် (၁၁၆) ဦးနှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား (၁၈) ဦး စုစုပေါင်းပင်စင်စား (၁၅၈၃) ဦးရှိကြောင်း သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)