ဟိုင်းကြီးကျွန်းမြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ချီးမြှင့်ငွေများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား/ကျောင်းသူများ၏ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်

ဟိုင်းကြီးကျွန်း မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား/ကျောင်းသူများအား ချီးမြှင့်သော ချီးမြှင့်ငွေများအား တာဝန်ရှိသူများမှ ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က ကျောင်းသား/ကျောင်းသူများ၏ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် ဟိုင်းကြီးကျွန်းမြို့ ကွပ်ကဲမှုနယ်မြေအတွင်းရှိ စာစစ်ဌာန (၇) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သော ကျောင်းသား/ကျောင်းသူတစ်ဦးလျှင် နှစ်ထောင်ကျပ်စီအား ကျောင်းသား/ကျောင်းသူများ၏ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)