ခန္တီး မတ်၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲ၊ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က မြန်မာ့ရိုးရာအမွှေအနှစ်ဖြစ်သည့် သနပ်ခါးအား မပျောက်ပျက်သွားစေရန် အလေးထားကြရန်နှင့် မြန်မာနိုင်ငံတွင် သနပ်ခါးပေါများစွာထွက်ရှိသည့်ဒေသများနှင့်ပတ်သက်၍လည်းကောင်း၊ သနပ်ခါးအမျိုးအစား အရည်အသွေးများနှင့်ပတ်သက်၍လည်းကောင်း အသိပညာဗဟုသုတရစေရန် ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့မြန်မာ့ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းသည့်အနေဖြင့် သနပ်ခါးလိမ်းခြယ်ကြရန်ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။
ထို့နောက် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ (၃၀)ဦးက အဖွဲ့(၂)ဖွဲ့ခွဲ၍ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ၊ မိမိတို့ကြိုနှစ်သက်ရာခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်ရာ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူလေးများကို စာအုပ်နှင့် ခဲတံဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)