ကော့မှူး မတ် ၂၀
ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုလျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ကကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲအားကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် Book Club အဖွဲ့ဝင်ဒေါ်ရီရီဝင်းတို့က ပြောကြားရာတွင် ကလေးငယ်များသည်စာသင်ခန်းတွင် ပညာသင်ကြားနေရမည့်အရွယ်ဖြစ်သော်လည်း စားဝတ်နေရေး အလိုငှာလုပ်ငန်းခွင်ထဲသို့ရောက်ရှိနေရခြင်းမှာက လေးများ၏အနာဂတ်ကိုသာမက နိုင်ငံတော်၏အနာဂတ်ကိုများစွာထိခိုက်နစ်နာစေကြောင်း၊ ကမ္ဘာ့နိုင်ငံအများအပြားတွင် ကလေးအလုပ်သမားများကို အလုပ်ခိုင်းစေနေကြဆဲဖြစ်ကြောင်း၊ ကလေးအလုပ်သမားအများစုသည် စိုက်ပျိုး ရေး၊မိုင်းတူးဖော်ထုတ်လုပ်ရေး၊အိမ်အကူအလုပ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ဆောင်နေရကြောင်း၊ ကလေးများသည်အခကြေး ငွေအနည်းအငယ်နှင့် အခကြေးငွေမရရှိဘဲအန္တရာယ်ရှိသောအလုပ်များကို လုပ်ကိုင်နေရသည့်အတွက် ကလေးအလုပ်သမားဆိုင်ရာ အခြေခံဗဟုသုတများပြန့်ပွားစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးအတွက်မိမိတို့ဌာနက အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားအခွင့်အရေးများ၊ ဥပဒေပြဋ္ဌာန်းချက်များ၊အရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဈင်စားစွာလေ့လာကြည့်ရှုနေကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)