ရွှေတောင် မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၊ယွန်းတန်းရပ်ကွက်၊ (အ.မ.က) သဲတန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူလေးများကို အသိအလိမ္မာများ ရရှိစေရေး (၃၈) ဖြာမင်္ဂလာ ကဗျာများ၊ ဗုဒ္ဓဝင်အကျဉ်းများ သင်ကြားပေးခဲ့ပြီး အာဟာရအဖြစ် ပဲနို့နှင့် မုန့်များနှင့် ဗလာစာအုပ်၊ ဘောပင်များ ဝေငှပေးခဲ့သည်။
အဆိုပါသင်တန်း တစ်ရက်တာဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)