စလင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေး

စလင်း မတ် ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားရုံးဝန်းအတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ စလင်းမြို့နယ်အတွင်းရှိ ပြည်သူများအား မတ်လ (၂၀) ရက် ယနေ့နံနက်(၉)နာရီအချိန်က ပန်းခင်းစီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများ နိုင်ငံသားစီစစ်ရေးကတ်ပြားများ လူတိုင်းကိုင်ဆောင်နိုင်ရန်နှင့် မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ခရီးသွားလာရန်နှင့် စီးပွားရေးကိစ္စရပ်များတွင် အဆင်ပြေချောမွေ့စွာ လှုပ်ရှားသွားလာ လုပ်ကိုင်နိုင်ရေး၊ လူမှုစီးပွားဘဝအဆင်ပြေကြစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် အိမ်ထောင်စုစာရင်းများတွင် မိသားစုဝင်များ၏ လူဦးရေနှင့်အမည်စာရင်းများမှန်ကန်စွာ ထည့်သွင်းဖော်နိုင်ရေးမှတ်ပုံတင်ကတ်ပြားများ အသစ်လဲလှယ်ပေးခြင်း နိုင်ငံသားစီစစ်ရေးကတ်ပြားများကို အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ကိုင်ဆောင်နိုင်ရန် အလွယ်တကူယူဆောင်သွားလာနိုင်ရာတွင်လည်းကောင်း ငွေသွင်းငွေထုတ် ပြည်သူတို့၏ ဘဝအဆင်ပြေစေရန်အတွက် စမတ်ကတ်ပြားများကို နေ့ခြင်းပြီးဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား/​ကျောင်းသူများနှင့် ပြည်သူတို့၏ မှတ်ပုံတင်ကတ်ပြားများကို အိမ်ထောင်စုမူရင်းနှင့်တကွ ထုတ်ယူသူ၏ လက်မှတ်များကို ရိုက်နှိပ်၍ မှတ်ပုံတင်ကတ်ပြားများကို နံနက် (၉) နာရီ၃၀မှ နေ့လည် (၂) နာရီအချိန်အထိ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ သိရသည်။

​မောင်လွင်