ပြည်ကြီးမဏ္ဍိုင် မတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသခံပြည်သူများ DYL အသားတိုးဝက်အား တစ်နိုင်တစ်ပိုင်အဖြစ်လည်ကောင်း၊ စီးပွားဖြစ်လည်ကောင်း မွေးမြူလျက်ရှိသည်။
ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာအရှေ့ရပ်ကွက်နေ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက DYL အသားတိုးဝက်မွေးမြူရာတွင် ဝက်သားပေါက်မှစ၍ ဝယ်ယူမွေးမြူရာ တစ်ကောင်လျှင် (၂၂၀၀၀၀) ကျပ် ဝယ်ယူရကြောင်း၊ ဝက်ကြီးအတွက် အစာအားတစ်အိတ်လျှင် (၇၄၀၀၀)ကျပ်နှင့် ဝက်ငယ်အတွက်အစာအား တစ်အိတ်လျှင်(၆၉၀၀၀)ဖြင့်ဝယ်ယူရရှိပြီး၊ ဝက်စာ၊ ဖွဲ၊ ဆန်ကွဲတို့အားရော၍ တစ်ရက်လျှင် ဝက်ကြီး(၂)ပိဿာနှင့် ဝက်အလတ်အား (၁)ပိဿာ(၅၀)နှင့် ဝက်ငယ်အား(၁)ပိဿာကျွေးမွေးရကြောင်း၊ ဝက်များကို ပိုးမွှားအန္တရာယ် မကျရောက်စေရန်အတွက် စနစ်တကျကျွေးမွေးပြုစုမွေးမြူရကြောင်း ဝက်သား(၁)ပိဿာလျှင် (၃၂၀၀၀)ကျပ်ရရှိကြောင်း လေညာရှေ့ရပ်ကွက် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)