လိပ်သို မတ် ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ညနေပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မီးဘေးအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ မီးလောင်နေစဉ် လိုက်နာရန်အချက်များ၊ မီးငြှိမ်းပြီးပါက ပြုလုပ်ရန်အချက်များ၊ မီးလောင်မှုဖြစ်ပွားသည့်ပုံစံနှင့် မီးငြှိမ်းသတ်ရန်နည်းလမ်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ကာတွန်းများ စသည့် အကြောင်းအရာများကို ပြသထားရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မြို့ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် လစဉ်အခါ အားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(ပြန်/ဆက်)