ကျောင်းကုန်း မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီး၌ အပူဒဏ်ဝေဒနာလူနာများအား ကုသပေးနိုင်ရန် လူနာခန်းပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ယခုအခါ ကျန်းမာရေးဝန်ကြီးဌာနမှ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) နှင့် အပူဒဏ်အန္တရာယ် ကျရောက်သည့်လူနာကို အရေးပေါ်ရှေးဦးပြုစုခြင်းတို့ကို သတိပေးနှိုးဆော်ထားကြောင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားမည့် လက္ခဏာများ ပေါ်ပေါက်လာပါက အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပို့ဆောင်ပါဟု တိုက်တွန်းနှိုးဆော်ထားကြောင်း ကျန်းမာရေးဌာနက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)