မအူပင်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မအူပင်   ဒီဇင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်အတွဲ(၄)၊ အမှတ်(၇) ကို ယနေ့ နံနက် ၉ နာရီတွင် ဘုရားလမ်းနှင့် တေဇလမ်းထောင့်၊ နာရီစင်ဈေး၊ မြို့မဈေး၊ အခွန်လွတ်ဈေးစသည့် လူစည်ကားရာနေရာများ၌  ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲ နေ့သမိုင်းကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ ပညာရေးမြှင့်တင်မှု၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်ကဗျာစသည့် ဗဟုသုတဆိုင်ရာများ ပါဝင်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံ ထုတ်ဝေသည့် သတင်းစကား လက်ကမ်း စာစောင်များကို မအူပင်ခရိုင် ဦးစီးအရာရှိ ဒေါ်တင်သူဇာလှိုင်နှင့် ဝန်ထမ်းများက အများပြည်သူ များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

                                                                                                                                            မအူပင်ခရိုင် (ပြန်/ဆက်)