ဘုတ်ပြင်းမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်း  ကွန်ကရစ်လမ်းခင်းခြင်းနှင့် အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုရာနှုန်းပြည့်ပြီးစီး

ဘုတ်ပြင်း မတ် ၂၀

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်သည် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ကိုကိုတို့လိုက်ပါလျက် မတ်လ(၁၈)ရက်နေ့က အုန်းတောကမ်း-နီပါး-ပါးစပ်ကုန်း-လိပ်ဥချောင်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကျောက်ချောလမ်းခင်းခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးမူလရန်ပုံငွေကျပ်(၁၉၉.၅၀၀) သန်းဖြင့် အရှည်(၀/၃)မိုင်၊ အကျယ်(၁၂)ပေ၊ ၇ လက်မထုကွန်ကရစ်လမ်းခြင်းနှင့် အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်းကို ဘုတ်ပြင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)