မြို့သစ် မတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ပြည်သူများ ဝယ်ယူစားသုံးနိုင်ရန်အတွက် အမဲသား၊ ဝက်သား၊ ဆိတ်သားဈေးနှုန်းများ သတ်မှတ်၍ အသားရောင်းချသည့်ဆိုင်ရာများတွင် ဗီနိုင်းပိုစတာဖြင့် ချိတ်ဆွဲထားရှိပြီး ဈေးတာဝန်ခံဝန်ထမ်းများက စဉ်ဆက်မပြတ် Hand Speaker ဖြင့် ကြေညာပေးလျက်ရှိပြီး ဒေသခံပြည်သူများ အမဲသား၊ ဝက်သားနှင့်ဆိတ်သားများကို သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူစားသုံးနိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း စျေးတာဝန်ခံ တစ်ဦးထံက သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)