တောင်ငူ မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာပန်းချီရေးဆွဲနည်းသင်တန်းကို မတ် ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့တွင် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါသင်တန်းဖွင့်လှစ်သင်ကြားရာသို့ တောင်ငူမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးပြီး သင်တန်းသားသင်တန်းသူများအား Royal-D အားဖြည့်အချိုရည်အအေးဘူးများ ဝေငှခဲ့သည်။ အဆိုပါသင်တန်းကို မတ် ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနည်းပြ ဦးရန်နိုင်ထွန်းက Paint ဖြင့် အခြေခံကွန်ပျူတာပန်းချီရေးဆွဲနည်းများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)