တောင်ငူမြို့နယ်၌ နွေနှမ်းဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြသ

တောင်ငူ မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၃၀) (က) မဟင်ကျေးရွာနေ တောင်သူ ဦးသန်းလွင်၏ လယ်ယာမြေတွင် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ နွေနှမ်းဆင်းရတနာ ၁၄ နှမ်းမျိုးအား ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ်ဖြင့် ကွင်းသရုပ်ပြသခြင်းကို မတ် ၁၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် ခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလွင် (ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များက ဒေသခံတောင်သူလယ်သမားများအား ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ်အသုံးပြု စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်းမွန်ကြောင်း ရှင်းလင်းပြောကြားပြီး နွေနှမ်းဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြသခြင်းကို ကြည့်ရှုအားပေးသည်။

ထို့နောက် ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူး၍ Power Harrow ဖြင့် ထွန်ယက်ရေးသရုပ်ပြပွဲကို ကျင်းပရာ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦးက Power Harrow ဖြင့် ထွန်ယက်စိုက်ပျိုးပါက စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းမွန်ကြောင်း ရှင်းလင်းပြောကြားရာ ခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလွင် (ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ) နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များနှင့် ဒေသခံတောင်သူလယ်သမားများက သရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)