သာယာဝတီ မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန် ထူးချွန်ထက်မြတ်သော လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ် သင်ကြားပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်လှစ်ရာတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပန်းချီ အသင်းဝင်ပန်းချီဆရာ ဦးလှဦးက ယခုသင်ကြားပေးသည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို တက်ရောက်ကြသော ကျောင်းသား၊ ကျောင်းးသူများအနေဖြင့် ပန်းချီပညာကို အခြေခံမှစတင်၍ အလွယ်တကူ တတ်မြောက်သွားအောင် သင်ကြားပေးမှာဖြစ်ကြောင်း၊ သင်တန်းသား/သူ များကလည်း သင်တန်းကာလအတွင်း ပျက်ရက်မရှိ တက်ရောက်စေလိုကြောင်း ပြောကြားသည်။ သင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ထိ နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီထိ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)