ထားဝယ် မတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ထိန်းသိမ်းသင့်သော မြန်မာ့ဝါးတောအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ထို့နောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါနုက ဝါးဆိုသည်မှာ အမြစ်ဆုံမှအပင်များပွား၍ တစ်စုတည်းပေါက်တတ်ပြီး ပင်စည်ကိုစိတ်ဖြာ၍ ထရံ၊ တောင်းစသည် ရက်လုပ်ရသော အပင်ဖြစ်ကြောင်း၊ ဝါးပင်ကို ကျန်းမာရေးဆိုင်ရာတွင်သာ အသုံးပြုနိုင်ရုံမျှမက အိမ်တွင်းအသုံးအဆောင်ပစ္စည်းများတွင်လည်း အသုံးပြုနိုင်ကြောင်း၊ ဝါးပင်မှရသော ဝါးလုံးကို နေရာမျိုးစုံအတွက် အသုံးပြုလေ့ရှိကြကြောင်း၊ ဝါးပင်ပေါက်ကို မျှစ်စားစရာအဖြစ် အသုံးဝင်သည့်အပြင် ဝါးပင်နှစ်နှစ်သားခန့်တွင် နှီးဖျာအဖြစ် ရက်လုပ်နိုင်ပြီး ငါးနှစ်သားခန့်တွင် ဝါးလုံး၊ ဝါးကပ်၊ အထပ်သား၊ ထရံ၊ ကုလားထိုင်၊ အိမ်အမိုးအကာ၊ တိုင် စသည်ဖြင့် လူ့အသုံးအဆောင်ပစ္စည်းများအတွက် အသုံးဝင်ကြောင်းနှင့် မြန်မာ့ဝါးတောအကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင် ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အသိပညာပေး ဟောပြောပွဲများကို ဆက်လက်ပြုလုပ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ပြန်/ဆက်)