သရက် မတ် ၂၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျန်းမာရေးဝန်ထမ်းများက အပူဒဏ်ဘေးအန္တရာယ် ကာကွယ်ရေးအသိပညာပေး ဟောပြောပေးပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က မြို့နယ်စည်ပင်သာယာဈေး ဈေးရောင်းဈေးဝယ်ပြည်သူများ၊ ကားဂိတ်များနှင့် ပြည်သူ့ဆေးရုံ တက်ရောက်နေသူများအား အသိပညာပေးဆောင်ရွက်ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် မြို့မကျန်းမာရေးဌာန၊ မိခင်ကလေး ကျန်းမာရေးဌာနနှင့်ခရိုင်ပြည်သူဆေးရုံတို့ရှိ ကျန်းမာရေးဝန်ထမ်းများက စည်ပင်သာယာဈေးကြီး အတွင်းရှိ ဈေးရောင်းဈေးဝယ်ပြည်သူများ၊ ကားဂိတ်တို့ရှိခရီးသည်များနှင့် ခရိုင်ပြည်သူ့ဆေးရုံတွင် တက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များအား အသိပညာပေး ဟောပြောပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန်ဝေပေးခဲ့သည်။
ထို့နောက် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဗွီနိုင်းများအား ချိတ်ဆွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ထက် (သရက်)