ပြည်ကြီးမဏ္ဍိုင်မြို့ (Community  Centre) ၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ပြည်ကြီးမဏ္ဍိုင် မတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အသိပညာဗဟုသုတတိုးပွားပြီး ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကာယ၊  ဉာဏစွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲများပြုလုပ်ရာတွင် ကလေးငယ်များ ကျောင်းစာအပြင် အသိပညာဗဟုသုတတိုးပွားစေမည့် သုတ၊ ရသ စာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဉ်ကပင် အသုံးပြုတတ်လာစေရန်၊ ကာယ ဉာဏ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်အတွက် အရုပ်ဆက်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခဲ့ရာ ကလေးငယ်များ ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်ကြသည်။                                              

ပြိုင်ပွဲတွင် ကလေးငယ် (၁၃) ဦးတို့က ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်ကြသည့်  ကလေးငယ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  အမှတ်တရလက်ဆောင်အဖြစ် ပုံဆွဲစာအုပ်များကို ပေးအပ်ခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)