ကျောက်တံခါးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ပြည်သူ့စာကြည့်တိုက်သို့ သုတရသစာအုပ်စာစောင်များ လှူဒါန်း

ကျောက်တံခါး ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွက် သုတရသစာအုပ်စာစောင်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွှဲပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင် စာအုပ်စာစောင်လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရေးအတွက် သုတရသစာအုပ်စာစောင်များအား လှူဒါန်းရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးက လက်ခံရယူပြီး ကျေးဇူးစကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်သူ့စာကြည့်တိုက်ရှိ သုတရသစာအုပ်စာစောင်များနှင့် ပြတိုက်ငယ်တို့အား ကြည့်ရှုလေ့လာကြခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)