ကျုံပျော်မြို့နယ်တွင် မြန်မာ့သနပ်ခါး‌နေ့လှုပ်ရှားမှု ပြုလုပ်

ကျုံပျော်  မတ်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ကာ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် "မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့" ပါဝင်နိုင်စေရေး အကြိုလှုပ်ရှားမှုအဖြစ် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုကို ကျုံပျော်မြို့ မြို့မဈေးအတွင်း၌ ယမန်နေ့နံနက်က ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်သန်းဝင်းနှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဈေးသူဈေးသားများ ပူးပေါင်း၍   အဖွဲ့လိုက် သနပ်ခါးသွေးခြင်း၊ ဈေးရောင်း/ဝယ် လာရောက်သူများအား သနပ်ခါးလိမ်းပေးခြင်းတို့ကို တပျော်တပါး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြတ်နိုးဖွယ်ရာ မြန်မာ့သနပ်ခါးသမိုင်းကြောင်း၊ သနပ်ခါး၏အသုံးဝင်မှုနှင့် ဆေးဘက်ဝင်ပုံ၊ သနပ်ခါးလိမ်းခြင်းဖြင့် အသားအရေအတွက်အကျိုးကျေးဇူးရှိပုံ၊ ရောဂါများပျောက်ကင်းနိုင်ပုံ၊ ကလေးငယ်များအတွက် အကျိုးကျေးဇူးများပုံနှင့် နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပုံ စသည်တို့ပါဝင်သည့် "မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာ" လက်ကမ်းစာစောင်များကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)