ဖျာပုံမြို့နယ်တွင် အငြိမ်းစားအထူးကုဆရာဝန်၊ ဆရာကြီး၊ ဆရာမကြီးများက အခမဲ့ ဆေးကုသမှုပေးခြင်း၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာဟောပြော

ဖျာပုံ မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်းကျေးရွာသို့ စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်​ခေါင်းဆောင်သော အငြိမ်းစားဆေးရုံအုပ်ကြီးများ၊ သမားတော်ကြီးများ၊ အငြိမ်းစားဆရာကြီး၊ ဆရာမကြီး (၁၅)ဦးပါဝင်သော နွေရာသီစာတတ်မြောက်ရေးဒေသ ကွင်းဆင်းပရဟိတခရီးစဥ်အဖြစ် မတ်လ(၁၈)ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်က အဆိုပါကျေးရွာ အ.လ.က (ရှမ်းကွင်း) ကျောင်းဝန်းအတွင်း ပြုလုပ်သည်။
အဆိုပါ စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့် ​ခေါင်းဆောင်သော အငြိမ်းစားဆေးရုံအုပ်ကြီးများ၊ သမားတော်ကြီးများ၊ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးဝင်း‌အောင်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ စဉ်ဆက်ပညာရေးသင်ကြားနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်‌ဆေးကြသည်။ ဆက်လက်၍ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲကျင်းပရာ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်​၊ ဒု-ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဒု-ဥက္ကဋ္ဌ ဒေါက်တာခင်မေစုတို့က ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာများအား အသီးသီးအသိပညာပေး ဟောပြောကြသည်။ ထို့နောက် အငြိမ်းစားဆေးရုံအုပ်ကြီးများ၊ သမားတော်ကြီးများ၊ အငြိမ်းစားဆရာကြီးများနှင့် ဆေးကုသရေးအဖွဲ့ဝင်များက ကျုံတာရှမ်းကွင်းကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှာက်မှုပေးခြင်း၊ အခမဲ့ဆေးကုသမှု ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)