မအူပင် မတ် ၁၉
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအားလုံး ပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး လှုပ်ရှားဆောင်ရွက်မှု "မြန်မာ့သနပ်ခါးလိမ်းခြယ်မှုပြိုင်ပွဲ"အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မအူပင်ခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက သနပ်ခါးသွေးနှင့် လိမ်းခြယ်မှုပြိုင်ပွဲ စည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်များဖြစ်ကြသည့် အဖွဲ့ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)များမှ သနပ်ခါးလိမ်းခြယ်ပွဲယှဥ်ပြိုင်နေမှုများကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်နှင့် တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့သနပ်ခါးသွေးနှင့် လိမ်းခြယ်မှုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)