ရွှေကျင် မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက်၊ အ-ထ-က (တပ်နယ်) ကျောင်းတွင် အားကစားသင်တန်းတက်ရောက်နေကြသော ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားလျှော့ချရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။
ဟောပြောပွဲတွင် ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုနယ်ဦးစီးအရာရှိ ဒေါ်သဲစုအောင်က ကလေးလုပ်သားဆိုတာဘာလဲဆိုသည့် အကြောင်းအရာများ၊ ကလေးလုပ်သားဘယ်လိုပေါ်ပေါက်လာသည်ဆိုသည့် အကြောင်းအရာများ၊ ကလေးလုပ်သားများကို မည်သို့ဖြေလျှော့ရမည့် နည်းလမ်းများအကြောင်း၊ ကလေးလုပ်သားများ၏ လုပ်ငန်းခွင်အန္တရာယ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသူများ အသိပညာတိုးပွားစေမည့် နံရံကပ်စာစောင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ကော်မတီမှ ထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များအား ဖတ်ရှုစေရန်ပြသခဲ့ရာ သင်တန်းသူများက စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)