မလှိုင်မြို့နယ်တွင် ဆည်ရေကန်ရေဖြင့် နွေစပါး၊ နွေပဲတီစိမ်းနှင့် မိုးကြိုးချည်မျှင်ရှည်ဝါများ စိုက်ပျိုးသွားမည်

 မလှိုင် မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆည်ရေကန်ရေများဖြင့် နွေစပါး၊ နွေပဲတီစိမ်းနှင့် မိုးကြိုချည်မျှင်ရှည်ဝါများ စုစုပေါင်း(၁၅၅)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နွေသီးနှံစိုက်ပျိုးရန်အတွက် ပုဂ္ဂလိကဆည်ကန်ရေများဖြင့် နွေစပါး(၇၅)ဧက၊ သင်ပုန်းချောင်းရေလှောင်တမံမှ ချည်မျှင်ရှည်ဝါ (၅၀)ဧကနှင့် နွေပဲတီစိမ်း(၃၀)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ညောင်အုပ်အုပ်စု၊ မြို့ကုန်းကျေးရွာနှင့် လက်စွေ့အုပ်စု၊ နဘဲကျင်းကျေးရွာ၊ ဆည်ထိပ်ကျေးရွာတို့တွင် နွေစပါး(၃၈)ဧက၊ ထမ္မကြီးအုပ်စု၊ ထမ္မကြီးကျေးရွာတွင် နွေပဲတီစိမ်း(၂၇)ဧကနှင့် ဖက်ကုန်းအုပ်စု၊ ဖက်ကုန်းကျေးရွာတို့တွင် မိုးကြိုချည်မျှင်ရှည်ဝါ (၅၆)ဧကတို့ကို ယနေ့အချန်ထိ စိုက်ပျိုးပြီးစီးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)