မင်းလှမြို့ မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းပဒေသာကပွဲနှင့် ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲ ကျင်းပ

အထက်မင်းလှ မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၊ မင်းလှမူလတန်းကြိုကျောင်းတွင် ကျောင်းတွင်းပဒေသာကပွဲနှင့် ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲက မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မင်းလှမြို့နယ် မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မင်းလှမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

အဆိုပါ မူလတန်းကြိုကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းဆင်းဂုဏ်ပြုလွှာပေးအပ်ရာတွင် ကျောင်းသား၊ ကျောင်းသူ (၂၈)ဦးရှိကြောင်းနှင့် အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)