ရွှေကျင်မြို့နယ်တွင် နွေရာသီအ​​ခြေခံအားကစားသင်တန်းများ ဆက်လက်ဖွင့်လှစ်

ရွှေကျင် မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မတ်လ(၁၀)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဒေါ်သီသီဆိုင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်အတွင်း စိတ်လေလွင့်မှုမရှိဘဲ အားကစားကို စိတ်ပါဝင်စားစွာ လေ့ကျင့်စေခြင်းဖြင့် စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားကာ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းများမှာ ဘောလုံး၊ ဘော်လီ​ဘော၊ ပိုက်​ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ Physical Fitness Dance အကစသည့် သင်တန်းစုစုပေါင်း(၅)မျိုးတို့ဖြစ်ပြီး သင်တန်းများကို ရွှေကျင်မြို့နယ်အားကစားကွင်း၊ မြို့မဘောလုံးကွင်း၊ အ-ထ-က(တပ်နယ်)ကျောင်းတို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မတ်လ(၁၀)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ရွှေကျင်မြို့နယ်အတွင်းရှိ အားကစားကို စိတ်ပါဝင်စားသော ကျောင်းသား(၈၃)ဦး၊ ကျောင်းသူ(၃၅)ဦး၊ စုစုပေါင်း(၁၁၈)ဦးတို့ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)