သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်

သဲကုန်း မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကျောင်းသား/ ကျောင်းသူများနှင့် အများပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များအား ပြသဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)အချိန်နာရီက အပူဒဏ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါနံရံကပ်စာစောင်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေးသိကောင်းစရာများ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်များ၊ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့် သတိပြုလိုက်နာရမည့်အချက်များ၊ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအချက်များ၊ ပူပြင်းသော အချိန်ကာလရောက်ရှိလာပြီဖြစ်သည့်အတွက် ကလေးငယ်များတွင် အပူဒဏ်ကြောင့်ဖြစ်သော ရောဂါများစသည့်အချက်များ ပါဝင်သော နံရံကပ်ပြဘုတ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ အသိပညာ တိုးပွားစေရေး လစဉ်စာဖတ်ဝိုင်းများ နှင့် Book Club ၊ Youth Club များနှင့် စာဖတ်ဝိုင်းများဆောင်ရွက်​​ခြင်း၊ လူထုအခြေပြုဗဟိုဌာနတွင် ပြပွဲ/ ပြိုင်ပွဲများကျင်းပခြင်း၊ အသိပညာပေး Talk Show များဆောင်ရွက်ခြင်း၊ အခြေခံပညာကျောင်းများတွင် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ အသိပညာပေးဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများကျင်းပခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

မြို့နယ် (ပြန်/ဆက်)