ကသာမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို

ကသာ မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ မတ်လ(၁၇)ရက်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကသာမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာစစ်ဌာန(၁)ခုရှိရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းတွင်းဖြေဆိုခွင့်ရှိသူ ကျောင်းသား(၂၃၆)ဦး၊ ကျောင်းသူ(၃၃၈)ဦး စုစုပေါင်း (၅၇၄)ဦးရှိရာ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား(၁၀)ဦး၊ ကျောင်းသူ(၄)ဦး၊ စုစုပေါင်း(၁၄)ဦး ရှိကြောင်းနှင့် ပြင်ပအလွတ်ဖြေဆိုသူ ကျောင်းသား(၃၂)ဦး၊ ကျောင်းသူ (၂၇)ဦး၊ စုစုပေါင်း(၅၉)ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား (၃)ဦးရှိကြောင်း၊ အတွင်းဖြေ/ အလွတ်ဖြေ စုစုပေါင်း ဖြေဆိုသူ(၆၁၆)ဦးရှိ၍ ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူ(၉၇ ဒသမ ၃၁ ရာခိုင်နှုန်း)ရှိပြီး၊ ဖြေဆိုရန်ပျက်ကွက်မှု (၂ ဒသမ ၆၉ ရာခိုင်နှုန်း)ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ကသာခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးသူအန်းနှင့် ကျန်းမာရေးဝန်ထမ်းများက တက္ကသိုလ်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား /ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျော်စွာ(ပြန်/ဆက်)